မိုင်းပန် မေ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်/လက်ပုပ်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက လွိုင်နွဲ့နှင့် မိုင်းပဲကျေးရွာများသို့ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖိုးဆေးက ကျေးလက်နေပြည်သူများအား တိရိစ္ဆာန်မွေးမြူရာတွင် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ရောဂါများမကျရောက်စေရေးနှင့် တစုံတရာထူးခြားလက္ခဏာများ တွေ့ရှိပါက အကြောင်းကြားပေးရန် အသိပညာပေးဟောပြောခဲ့ပြီး ကျွဲ၊ နွားကောင်ရေ (၁၆၀) ကောင်ကို လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်/လက်ပုပ်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)