သာယာဝတီမြို့နယ်တွင် သဘာဝမြေဩဇာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်ခြင်းသရုပ်ပြသ

သာယာဝတီ မေ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာ၌ ဓာတုဓာတ်ကြွင်းများ ကင်းစင်နိုင်ရေးအတွက် သဘာဝမြေဩဇာများကို တွင်ကျယ်စွာအသုံးပြုလာနိုင်စေရေး အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက သင်တောရိုးအုပ်စုရှိ ကွင်းအမှတ်(၁၂၅၀) တောင်သူ ဦးကျော်မင်း၏ စိုက်ပျိုးမြေတွင် ပြုလုပ်သရုပ်ပြသဆောင်ရွက်းခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပစ္စည်းများနှင့် အဆင့်ဆင့်ပြုလုပ်ပုံကို လက်တွေ့ပြသကာ အသေးစိတ်ရှင်းလင်းပြသပေးခဲ့ကြကြောင်း သိရသည်။

ထိုသရုပ်ပြပွဲသို့ တောင်သူများ၊ ကျေးရွာအုပ်စုများမှ စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)