ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအား ပုံနှိပ်စာအုပ် တစ်ဒါဇင်၊ ဝတ်စုံအခမဲ့ထုတ်ပေး

ဆင်ပေါင်ဝဲ မေ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပညာသင်ကြားနိုင်စေရန်အတွက် ပုံနှိပ်စာအုပ်၊ ဝတ်စုံကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း အခက်အခဲမရှိ ကျောင်းအပ်နှံပညာသင်ကြားနိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းအသီးသီးတို့ရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပညာသင်ကြားနိုင်ကြစေရန် ရည်ရွယ်၍ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဝတ်စုံ တို့အား မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်အခြေခံပညာကျောင်းများနှင့် ကျေးရွာအုပ်စုများရှိ ကျောင်းများအလိုက်ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသားစာရင်းဖြင့် စည်းကမ်းတကျစာရင်းများပြုစု၍ အခမဲ့ထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)