နမ့်စန်(တ) မေ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက နမ့်စန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပေးအပ်ခဲ့ရာ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် နမ့်စန်ခရိုင် မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇော်ဦးနှင့် သက်ဆိုင်ရာခရိုင်အဆင့် ဌာနအကြီးအကဲများ၊ နမ့်စန်၊ ကွန်ဟိန်းနှင့် မိုးနဲမြို့တို့မှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က အသီးသီးလက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ နမ့်စန်မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဟန် က နမ့်စန်ခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး နှစ်ကုန် ယာယီအကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လျာထားချက်တို့အပေါ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)