မကွေးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

သဲကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိညာပေးဟောပြောပွဲ၊ စာစီစာကုံးနှင့်ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းများကျွမ်းကျင်မှုရှိစေရေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေးနှင့် စာငှား/စာဖတ်ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်အတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စကုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​ပိုင်ကျုံမြို့ အ-ထ-က ကျောင်း၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့်ဆိုးကျိုးများကို သိရှိစေရန်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်းက အ-ထ-က ပိုင်ကျုံကျောင်းတွင်(အခမဲ့) ဝေငှပေးခဲ့သည်။

ဘိုကလေးမြို့နယ်တွင် တရားမဝင်ကုန်စည်များ ရောင်းဝယ်ဖောက်ကားမှု မရှိစေရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း၌ တရားမဝင်ကုန်စည်များ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း မရှိစေရေးအတွက် ယနေ့နံနက် (၁၀)နာရီ အချိန်၌ မြို့နယ်တွင်းရှိ လုပ်ငန်းများ၌ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် ရေယာဉ်စီးနင်းသူများ အသက်ကယ်အင်္ကျီ (Life Jacket) ဝတ်ဆင် စီးနင်းစေရေး အသိပညာပေးသရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့က ယနေ့နံနက် (၁၁) နာရီ အချိန်၌ မြို့နယ်တွင်းရှိ ရေယာဉ်ပြေးဆွဲရေး ဆိပ်ခံများသို့ကွင်းဆင်း၍ ရေယာဉ်စီးနင်းကြသူများအား အသက်ကယ်အင်္ကျီ (Life Jacket) ဝတ်ဆင်စီးနင်းစေရေး အသိပညာပေးဟောပြော၍ အသက်ကယ်အင်္ကျီ ဝတ်ဆင်နည်းအား သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

နာဂဒေသလဟယ်မြို့တွင် ရွှေ့ပြောင်းတောင်ယာ စနစ်လျော့ချရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) အတွင်းရွှေ့ပြောင်းတောင်ယာစနစ်လျော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေကို ယမန်နေ့ ညနေပိုင်းက နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပပါသည်။
Subscribe to