ဘိုကလေး ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့က ယနေ့နံနက် (၁၁) နာရီ အချိန်၌ မြို့နယ်တွင်းရှိ ရေယာဉ်ပြေးဆွဲရေးဆိပ်ခံများသို့ကွင်းဆင်း၍ ရေယာဉ်စီးနင်းကြသူများအား အသက်ကယ်အင်္ကျီ (Life Jacket) ဝတ်ဆင်စီးနင်းစေရေး အသိပညာပေးဟောပြော၍ အသက်ကယ်အင်္ကျီ ဝတ်ဆင်နည်းအား သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးရာတွင် ရေပြင်၌ ရေယာဉ်များ စီးနင်းနေစဉ်အတွင်း သဘာဝဘေးကဲ့သို့သော အန္တရာယ်များ တစ်စုံတစ်ရာကျရောက်လာပါက အသက်မဆုံးရှုံးစေရေးအတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားရန် လိုအပ်ကြောင်းနှင့် အသက်ကယ်အင်္ကျီဝတ်ဆင်နည်းများအား မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ရေယာဉ်စီးနင်းသူများအား အသိပညာပေးဟောပြော လမ်းညွှန်မှာကြားပြီး အသက်ကယ်အင်္ကျီအား သရုပ်ပြလက်တွေ့ ဝတ်ဆင်ခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)