ပိုင်ကျုံ ဇွန် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်းက အ-ထ-က ပိုင်ကျုံကျောင်းတွင်(အခမဲ့) ဝေငှပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် “တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကိုတားဆီးနှိမ်နင်း” သဝဏ်လွှာ ကောက်နုတ် ချက်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဆောင်ပုဒ်၊ ကဗျာ၊ ဆောင်းပါး ၊ ကာတွန်းနှင့် မှတ်တမ်းဓါတ်ပုံ တို့ပါဝင်သည်။
ထိုလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ရောက်ရှိရေးအတွက် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ဝေငှပေးသည့်အပြင် အသိပညာပေးရေးလုပ်ငန်းများကိုလည်း အခြေခံပညာကျောင်းများသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)