နာဂဒေသလဟယ်မြို့တွင် ရွှေ့ပြောင်းတောင်ယာ စနစ်လျော့ချရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လဟယ် ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) အတွင်းရွှေ့ပြောင်းတောင်ယာစနစ်လျော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေကို ယမန်နေ့ ညနေပိုင်းက နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပပါသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း အဖွင့်အမှာစကားပြောကြားပြီး နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၀င်များက ရွှေ့ပြောင်းတောင်ယာ စနစ်လျော့ချရေးလုပ်ငန် စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေကြပါသည်။ ထို့နောက် နာဂဒေသ စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်၀င်းမောင်က ရွှေ့ပြောင်းတောင်ယာစနစ် လျောချရေး အစားထိုးသီးနှံများ၊ နှစ်ရှည်ပင်များ၊ အစားထိုးဆောင်ရွက် မည့်အစီအစဉ်များကို power point ဖြင့် ရှင်းလင်းဆွေးနွေးပါသည်။

၎င်း‌နောက် တက်ရောက်လာကြသော ဒေသ/မြို့နယ်အဆင့် ရွှေ့ပြောင်းတောင်ယာစနစ် လျော့ချရေး ကော်မတီ၀င်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)