မက်မန်းမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြား

မက်မန်း ဇွန် ၂၆

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းများကျွမ်းကျင်မှုရှိစေရေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေးနှင့် စာငှား/စာဖတ်ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်အတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတွင်  စာကြည့်တိုက်နှင့် စာအုပ်စာစောင်များ စနစ်တကျထိန်းသိမ်းနည်းပညာရပ်အပါအဝင် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှား/စာဖတ်ဝန်ဆောင်မှုလုပ်ငန်း၊ ကတ်တလောက်ရေးသားနည်း၊ စာကြည့်တိုက်ပုံမှန်စစ်ဆေးခြင်းနှင့် စာကြည့်တိုက်အောင်မြင့်ရေး ပြုပြင်ဆောင်ရွက်ရန်အချက်များအကြောင်းကို သင်ကြားပို့ချပေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဝန်ထမ်း (၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပြသပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)