ကလော ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်ပန်းမြို့မ၊ သမဝါယမအသင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဘာပတိဥက္ကဋ္ဌ ဦးအောင်စိန်ကအဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ကလောမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းတို့က သမဝါယမအသင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက်အမှုဆောင်အဖွဲ့၏ (၂၀၂၄-၂၀၂၅)ခုနှစ်အတွက် အမှုဆောင်အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို အသင်းတာဝန်ရှိသူများက ဖတ်ကြားတင်ပြခဲ့ကြပြီး အသင်းသားများက လက်ခံ၍ သဘာပတိကအတည်ပြုပေးခဲ့သည်။ ယင်းနောက် အသင်းသားအကြံပြုချက်များကို ဖတ်ကြားတင်ပြရာ သဘာပတိက မှတ်တမ်းတင်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)