မင်းတုန်း ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ်လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ ယောကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီသို့ မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ပေးအပ်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်(အသားကဏ္ဍ) မတည်ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေသနွားမအကောင်ရေ (၆၀)အတွက် စတင်ဖြန့်ဖြူးပေးခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပထမအကြိမ်လက်ဆင့်ကမ်းဖြန့်ဖြူးပေးခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)