မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းဘူး ‌ဇွန် ၂၇

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်လေးများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေ‌ရေးနှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ”ကို ဇွန်လ (၂၅) ရက်နေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ အိမ်ယာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်း ပြောကြားကာ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုသန့်က တိုင်းရင်းဆေးပညာရပ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပြီး၊ အိမ်ယာအထက်တန်းကျောင်း(ခွဲ)မှ အကြော၊ အရိုးအဆစ်နာ ကျောင်းသား၊ ကျောင်းသူလေးများအား လက်တွေ့သရုပ်ပြ ကုသပေးကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)