တုံတာ ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် တုံတာတိုက်နယ်ဆရာဝန် ဒေါက်တာလင်းထွဋ်၏ ကြီးကြပ်မှုဖြင့် ကျေးလက်ကျန်းမာရေးသားဖွားဆရာမ ဒေါ်တင်တင်ဝင်းတို့မှ အသက် ၁၈ နှစ်အထက်ရှိသူ ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာမိသားစုဝင် စုစုပေါင်း ၇၆ ဦးတို့ကို ကာကွယ်ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အခြေခံကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြသည်။
မြတ်မွန်