ဖျာပုံ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ရပ်ရွာအခြေပြုမုန့်လုပ်နည်းသင်တန်းအား ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ သင်တန်းခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ရပ်ရွာအခြေပြု မုန့်လုပ်နည်းသင်တန်းအား လိုက်လံကြည့်ရှုအားပေးရာတွင် ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ် စိုးစိုးမူနှင့် သင်တန်းနည်းပြ ဆရာမဒေါ်မေမြတ်သူ-ဒုနည်းပြနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း မုန့်အမျိုးမျိုးပြုလုပ်နည်းများကို စိတ်ပါဝင်စားသော သင်တန်းသား၊ သင်တန်းသူများအား နေ့ရက်အလိုက် မုန့်လုပ်နည်းများ သင်ကြားပေးနေမှုနှင့် သင်ကြားပေးလျက်ရှိသော မုန့်လုပ်နည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါမုန့်လုပ်နည်းသင်တန်းကို (၂၅-၆-၂၀၂၅)မှ (၂၇-၆-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)