ကော့မှူး ဇွန် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းသည် ဇွန်လ ၂၅ ရက်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ကျေးလက်လမ်းတံတားလုပ်ငန်းဆောင်ရွက်နေမှု မြေပြင်အခြေအနေ အား ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ညောင်ကုန်း-ကျွန်းကလေးလမ်း၊ ပျဉ်းကတိုး-ချောင်းဝလမ်းများနှင့် ကျေးလက်လမ်းတံတားလုပ်ငန်းဆောင်ရွက်နေမှု မြေပြင်အခြေအနေအားကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များကို အငယ်တန်းအင်ဂျင် နီယာ-၂(မြို့ပြ) ဒေါ်အေးမြတ်သူဇာအား ဆွေးနွေးမှာကြားပြီး လုပ်ငန်းဆောင်ရွက်မည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကျော်သူရ (ကော့မှူး)