ဘိုကလေး ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်၌ ဘိုကလေး-ကြိမ်ချောင်းကားလမ်းဘေး၊ မိုင် ၄/၃ မှ ၅/၁ အထိ ကျင်းပစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်နှင့် အဖွဲ့ဝင်များ၊ မလော့ကျေးရွာ၊ မဂူကျေးရွာ၊ ညီနောင်ဝကျေးရွာ၊ ညီနောင်ဖျားကျေးရွာ၊ သာပေါင်းကျေးရွာနှင့် အေးရွာကျေးရွာတို့မှ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၆၅၀)ဦး တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတက်ရောက်ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်ကြသူများ အားလုံးစုပေါင်းကာ ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန် သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်ကြသည့် မဟော်ဂနီ၊ ၊မန်ဂျန်ရှား၊ မာလာလူးကား စသည့်သစ်မျိုး(၃)မျိုး စုစုပေါင်း (၁၂၁၀) အား တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)