မောက်မယ်မြို့နယ်၌ (၄၄)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော် အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိသာသနပါဒကကျောင်း ကြီးစာသင်တိုက်၌ (၄၄)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာမေးပွဲအောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ကြို့ပင်ကောက်မြို့နယ်တွင် ပိုက်ဆံလျော်မျိုးစေ့ပေးအပ်ပွဲနှင့် မြေဩဇာကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု ကြံတောစု ကျေးရွာတောင်သူများ၏ အောင်နိုင်တိုး နွေစပါး ဧက ၃၀ ‌‌‌‌စံပြကွက်တွင် ယနေ့နံနက်ပိုင်းက ပိုက်ဆံလျော်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး တောင်သူများအား ပိုက်ဆံလျော်မျိုးစေ့များ ပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေ‌ရန်နှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များအနေဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှရရှိနိုင်စေရန်ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)ခွဲအချိန်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စစ်မှုထမ်းဟောင်းအဆင့်မြင့်အိမ်ရာတွင်ကျင်းပဆောင်ရွက်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်း၊ ပြည်လွှတ်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းကျင်း(ခ)နန်းစိန်၊ တပ်ရင်းတပ်ဖွဲ့မှူးများ၊ ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီးမြင့်ရွှေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ရောက်ရှိနေသည့် ဒသမတန်းလူရည်ချွန် မောင်မယ်လေးများ တောင်ကြီးမြို့ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ခုနှစ် ဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၂ ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ၁၈ဦးနှင့် လူရည်ချွန်ကြီးများသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် စေတကူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန်ဆွယ်ကျေးရွာအုပ်စု စေတကူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပညာရေးမှူးများ၊ ဆရာ/ဆရာများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်နှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က နောင်ချိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ပညာရေးမှူးများ၊ ထက်/ လယ်/ မူ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံမွေးမြူရေးသင်တန်းဖွင့်ပွဲပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံမွေးမြူရေးသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

လားရှိုးမြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူနှစ်ဦးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူနေအိမ် ၁ လုံးအတွက် ငွေများနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ရုံးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ ၆ ရက်နေ့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူနှစ်ဦးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူနေအိမ် ၁ လုံးအတွက် ငွေများနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ဖျာပုံမြို့၌၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to