ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန (၆) ခန်းတွဲ ဝန်ထမ်းနေအိမ် RC (၃) ထပ် အဆောက်အဦအသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၈၈၁ ဒဿမ ၆) သန်းဖြင့် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ (၁၂၀ x ၃၅ x ၃၃) ပေရှိ (၆) ခန်းတွဲဝန်ထမ်းနေအိမ် RC (၃) ထပ် အဆောက်အဦအသစ် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းရှိ အဆိုပါအဆောက်အဦတည်ဆောက်မည့်မြေနေရာ၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ် ဟိုလိပ်ကျေးရွာ၌ “ပညာအလင်းရောင်” စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ

ကျေးလက်နေ ပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိပ်ကျေးရွာ၌ ပညာအလင်းရောင်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့နံနက်   ၁၁ နာရီက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွက် မဲပေးစက်ကိုင်တွယ်ထိန်းချုပ်နည်း သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ‌ဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ယမန်နေ့နံနက် ၉ နာရီက ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟင်္သာတမြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးများ ထိုးနှံလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ မဖြစ်ပွားစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကင်းရပ်ကွက်ရှိ အ.မ.က(၂၀)ကျောင်း၌ ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျာင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဘုရားပွဲတော်ကျင်းပနေစဉ်ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့အိမ်းအမှတ်အကြိုဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်းကမ်းနားတွင် (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ကမ်းနားကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တွေဆုံဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to