နောင်ချိုမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပညာရေးမှူးများ၊ ဆရာ/ဆရာများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံ

နောင်ချို မေ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်နှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က နောင်ချိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ပညာရေးမှူးများ၊ ထက်/ လယ်/ မူ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အမှာစကားပြောကြားရာတွင် ‌ကျောင်းဖွင့်ရာသီ မရောက်မှီ ကျောင်း၏လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်ထားရန်နှင့်လိုအပ်သည်များတင်ပြကြရန်၊ ၂၀၂၆-၂၀၂၇ ECCD မူကြိုပညာရေးကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်/စိုက်မွေးဘာသာရပ်ကို ယခုနှစ်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်မှစ၍ စတင်ထည့်သွင်းသင်ကြားကြရမည်ဖြစ်ကြောင်း၊ ပြီးပြည့်စုံသောပညာရေးစနစ်ကို ဆရာ၊ ကျောင်းသား၊ မိဘပေါင်းစပ်၍ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းပြင်ပ ပညာရေး ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကျောင်းပြင်ပ ပညာရေးနှင့်ပက်သတ်၍လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က စာစစ်လုပ်ငန်းတာဝန်များနှင့် ပက်သတ်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် တက်‌ရောက်လာကြသောထက်/ လယ်/ မူကျောင်းအုပ်ကြီးများနှင့် ရပ်မိ/ရပ်ဖများမှ သိလိုသည်များကို မေးမြန်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်မျာ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နမ့်ဆောင်ဟူး အခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ နယ်မြေဒေသအခြေအနေကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ဆောင်များ ပြင်ဆင်ထားမှုနှင့် ပျက်စီး နေသော အန္တရာယ်ဆောင်ကိုလည်း ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်၊ ပြန်/ဆက်