ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန်အစာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန် စိုက်ခင်းများရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ (NGO) များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့သည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ နေ့ချင်းပြီးပြုလုပ်ပေးအပ်ခြင်းများကို ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖယ်ခုံမြို့တွင် နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ၌ ဖယ်ခုံမြို့၊မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဝတ္တုတို၊ ဆောင်းပါ၊ ကဗျာပြိုင်ပွဲကျင်းပ

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျိုင်းတုံခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဝတ္တုတို၊ ဆောင်းပါ၊ ကဗျာပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ကျင်းပခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ပင်လောင်းမြို့နယ်၌ စေတီတော် ထီတော်တင်လှူပူဇော်ပွဲ တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက် အနောက်ဘက်ရှိ ထီရီးတောင်ပေါ်တွင်တည်ထားကိုယ်ကွယ်ထားသည့် စူဠာမုဏိစေတီတော် ထီးတော်တင်ပူဇော်ပွဲကျင်းပရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က ရင်းမှီးရပ်ကွက်အလှူရှင်များနှင့် ရပ်ဝေးရပ်နီးအလှူရှင် ဒါယကာ၊ ဒါယိကာမများက စေတီတော်၏ ထီးတော်အဆင့်ဆင့်များအား တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အောင်သစ်လွင်ဈေးသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ သစ်တောလမ်းရှိ အောင်သစ်လွင် ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါဈေးသစ်တည်ရှိရာနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခိုလမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။

ခိုလမ်မြို့ နောင်ခမ်းကျေးရွာတွင်လေပြင်းဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် ဧပြီလ ၃၀ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ဟိုနောင်ကျေးရွာအုပ်စု ၊ နောင်ခမ်းကျေးရွာရှိ လူနေအိမ် (၄၄)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှထောက်ပံ့သည့် ငွေများကို ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့နေ့လည် ၁နာရီက အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to