ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးချက်ကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဆွေးနွေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျလိုက်နာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စံပြကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၂)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့ကကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်၌ ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၊ ပန်စွဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့်အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့အစည်းအဝေးကျင်းပ

၂ဝ၂၄ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာသက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီးအစည်းအဝေးကို ယမန်နေ့နံနက်တွင် ရန်ကုန်မြို့ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ကွင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ   မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုအသုံးပြု၍ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မဲပေးစက်ဆိုင်ရာ   အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၂၃)ရက်နေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်ရှိ MYANMAR FALA FALA, MYANMAR XIANG RUI, ASIA LINK MYANMAR. နှင့် HEIMITE Co.,LTD တို့တွင် ကျင်းပပြုလုပ်သည်။

မော်လမြိုင်တက္ကသိုလ်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ”ကို ယနေ့နံနက်က မော်လမြိုင်တက္ကသိုလ်၊ ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံ ပညာအထက်တန်းကျောင်းနှင့် မြို့ပေါ်ရပ်ကွက် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

ဆင်ပေါင်ဝဲမြို့၌ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ် ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၅ ခန့်ဝင်း(ဆင်ပေါင်ဝဲ)

မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to