ညောင်ရွှေ မေ ၈
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ခုနှစ် ဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၂ ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ၁၈ဦးနှင့် လူရည်ချွန်ကြီးများသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြသည်။
ရှေးဦးစွာ လူရည်ချွန်မောင်မယ်လေးများသည် တောင်ကြီးမြို့အထင်ကရနေရာတစ်ခုဖြစ်သည့် ထီသိမ် View Point နေရာသို့ရောက်ရှိပြီး ရှုမျှော်ခင်းအလှအပကို ကြည့်ရှုခံစားခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် လူရည်ချွန်မောင်မယ်လေးများသည် ရှေးဟောင်းသမိုင်ဝင် ရွှေဘုန်းပွင့်ဘုရားသို့ သွားရောက်ဖူးမြှော်ကြည်ညို၍ ပန်းရေချမ်းများဆက်ကပ်လှူဒါန်ခြင်၊ အလှူငွေများထည့်ဝင်လှူဒါန်းခြင်းစသည့် ကောင်းမှုကုသိုလ်များဆောင်ရွက်ကြပြီး တောင်ကြီးမြို့အလှရှုခင်းကို ကျော်ရွှင်ကြည်နူးစွာ ကြည့်ရှုခံစားခဲ့ကြသည်။
ဆက်လက်ပြီး လူရည်ချွန်မောင်မယ်လေးများသည် စူဠာမုနိလောကချမ်းသာဘုရားကြီးသို့ သွားရောက်ဖူးမြှော်ကြည်ညို၍ ကောင်းမှုကုသိုလ်များဆောင်ရွက်ခဲ့ကြပြီး ဘုရားရင်ပြင်တော်ဝန်းကျင်ကို လေ့လာကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် လူရည်ချွန်မောင်မယ်လေးများသည် တောင်ကြီးမြို့ မြို့မဈေးကြီးသို့ ရောက်ရှိလေ့လာလည်ပတ်ကြပြီး ဒေသရိုးရာစားသောက်ဖွယ်ရာများ၊ ရိုးရာအဝတ်အထည်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူခဲ့ကြပြီး ညနေပိုင်းတွင် စခန်းချတည်းခိုရာ ခေါင်တိုင်လူရည်ချွန်စခန်းသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်းနှင့် ညပိုင်းတွင် ဒေသခံ အခြေခံပညာကျောင်းများမှ တိုင်းရင်းသားရိုးရာအကအလှများ၊ အားကစားနည်းသရာပြတင်ဆက်မှုများ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ