ကျောက်ဆည်မြို့နယ်တွင် စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ် (၁) အုပ် ပြုလုပ်ပေးထားပြီး ရပ်ကွက်/ ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ် (၁) အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က ဆက်လက်ချေးပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်စုပေါင်း ခြောက်အုပ်စုမှတောင်သူပေါင်း ၅၀၉ ဦးနှင့်စပါး ၁၆၁၀ ဧကအတွက် စုစုပေါင်းငွေ ကျပ် ၂၄၁ ဒသမ ၅၀ သန်းကို ထုတ်ချေးပြီးဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မင်းလှမြို့၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် ခရိုင်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ခရိုင်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံ ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

မုံရွာမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဆုရကျောင်းသူလေးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ RC ကွန်ကရစ်တံတား တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၂၈၀.၀၀၀) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် တောင်တွင်း-အောင်လံ ကားလမ်းမကြီးမှ ရွာသစ်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည်ပေ ၄၀ တံတား Bore Pile လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ အငယ်တန်း အင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းထွန်း၊ လုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်ထွန်းကျော်နှင့် တာဝန်ရှိသူများက RC ကွန်ကရစ်တံတားအား သတ်မှတ်စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြန်မာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပမည့် ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အခမ်း အနား တက်ရောက်ကြသည်။

မအူပင်မြို့၌ ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်သင်ကြားပို့ချသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသော “ပညာနှင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to