ကြံခင်းမြို့နယ်၊ အ.ထ.က(ရေနံတောင်)ကျောင်းတွင် မီးဘေးလုံခြုံရေးဟောပြေပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ အ​ခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့မွန်းလွဲပိုင်းက ရေနံတောင်နယ်မြေမီးသတ်စခန်းမှ မီးဘေး လုံခြုံရေးဟော​ပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

မြိတ်တက္ကသိုလ်၌ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်းဆင်း 

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် လူထုအတွင်းသို့ ရှေးဦးပြုစုခြင်းပညာရပ်နှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်အောင်ဆောင်ရွက်နိုင်စေရန် တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)မှ ကြီးမှူး၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) (၁/၂ဝ၂၅) သင်တန်းဆင်းပွဲကို ဇူလိုင်၈ရက် နံနက်ပိုင်းက ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ဌာနဆိုင်ရာရုံးများ၌ အမှိုက်အမျိုးအစားခွဲခြား၍ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးအရောင်လေးမျိုးထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စေနိုင်ပြီး၊ အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေရန်ရည်ရွယ်၍ အမှိုက်ပုံးအားအရောင် ခွဲခြားထားရှိပြီး အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းကို မြို့နယ်ဌာနဆိုင်ရုံးများတွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီ၌ ပဲမျိုးစုံ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခရမ်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများနှင့် စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းနှင့် စပ်လျဉ်း၍ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းမှ စာပေဆုရှင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေဆုရှင်များ ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ထောက်ကြန့်မြို့ရှိ သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းနာယကကြီး အောင်သူရိန်(ပုလဲ)က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

ကမာရွတ်မြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေက မြန်အောင်မြို့ ပြည်သူ့အားကစားကွင်း မြန်အောင်မြို့ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ်အတွင်းရှိ မိုးစပါး ဧက ၅၃၄၈၀ လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါး ဧက ၅၃၄၈၀ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများ ဆန်စပါးထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး လူနေမှုအဆင့်အတန်းမြင့်မား လာစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to