ကြံခင်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့မွန်းလွဲပိုင်းက ရေနံတောင်နယ်မြေမီးသတ်စခန်းမှ မီးဘေး လုံခြုံရေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရေနံတောင်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခန့်သူဗိုလ်က မီးလောင်မှု၏ သဘောသဘာဝများကို သိရှိနားလည်ကာ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်စေရန်၊ မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သောအကြောင်းအရာများ၊ ဖြစ်ပွားလာပါက အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ မီးသတ်ဆေးဘူးများအသုံးပြုနည်း၊ မီးငြိမ်းသတ်နည်းများကို အကျယ်တစ်ဝံ့ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ရေနံတောင်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)