ပုသိမ်ကြီးမြို့နယ်၌ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့နယ်ရှိ နန္ဒာခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။

မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုသရုပ် ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်၌ သင်္ချာပါမောက္ခဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ်မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတက္ကသိုလ်၌ မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံပညာရှင် အဖွဲ့ဝင်ဖြစ်သည့် သင်္ချာပါမောက္ခ ဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ် မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာ ရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတက္ကသိုလ် (URC)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင် ဦးဆောင်မှုဖြင့် ကော့သောင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သီးခြားတပ်ဖွဲ့စုများမှ တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၁၄၆၆ ဧကစိုက်ပျိုးထုတ်လုပ်သွားမည်

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးမျိုးစေ့ထုတ်ဧက ၁၄၆၆ ဧကစိုက်ပျိုး၍ မျိုးစေ့ထုတ်လုပ် သွားမည်ဖြစ်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ၊ ကွင်းအမှတ်-၁၁၆၇ ရှိ ကရင်ပြည်နယ်မျိုးစေ့ထုတ်အသင်း၏ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ တောင်သူများအား မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော အီးအမ်ဘိုကာရှီ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသရာ ကော့သင်းရှူး၊ ကော့မားကယ်၊ နောင်လုံအနောက်၊ လှိုင်ကားကျေးရွာများမှတောင်သူများ  လေ့လာခဲ့ကြပြီး     သဘာဝမြေဆွေးပြုလုပ်ရာတွင်လိုအပ်သော အီးအမ်ရည်များကို  အခမဲ့ဖြန့်ဝေပေးအပ်ခဲ့သည်။

နာဂဒေသ၊ လဟယ်မြို့၌ (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စု‌ပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၊ (၉)နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဗဟိုကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် အ.မ.က ဖားကူး၊ ဝင်းခနီး (မူလွန်) စက်မှုစိုက်ပျိုး အ.ထ.ကကျောင်းတို့၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက အ.မ.က ဖားကူး၊ ဝင်းခနီး (မူလွန်)စက်မှုစိုက်ပျိုး အ.ထ.ကကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့ အောင်မြေသာယာကွင်း၌ ဆင်းသုခစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် ဘုန်းတော်ကြီးကျောင်းအတွက် စုပေါင်း၍ မိုးစပါးထွန်ယက်စိုက်ပျိုးလျက်ရှိ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က) ရပ်ကွက်၊ အောင်မြေသာယာကွင်းရှိ တောင်သူ ဦးကျော်စိန်၏ လယ်ယာမြေ ကွင်းအမှတ် (၁၅၃၃)၊ ဦးပိုင်အမှတ် (၁၆)၊ လယ်မြေဧက (၂၀)အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်နန်းဝတ်ရည်စမ်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဆင်းသုခမိုးစပါးမျိုးကို ပျိုးထောင်ခြင်း၊ လက်တွန်းထွန်စက်များဖြင့် ထယ်ထိုးထွန်မွှေခြင်း၊ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြိူ့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဗိုလ်ရန်ပြေရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

မုံရွာမြို့တွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားပြုလုပ်

မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်ကာ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ဇူလိုင်လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to