အောင်လံမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အောင်လံမြို့စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် သဲကုန်းကျေးရွာ၌ ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်ကျေးရွာ၊ ဘုန်းကြီးကျောင်းလမ်းနေ မခိုင်အိဖြူနေအိမ်တွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် အမှတ်(၁၈)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၈)အခြေခံပညာမူလတန်း (လွန်)စက်တော်ကျောင်း၌ ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာတွင် VDP စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းအား ကျေးရွာပြည်သူများထံ လွှဲပြောင်းအပ်နှံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် လက်ပံချည်ပေါ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာပြည်သူများထံ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် မိုးစပါးနှင့်အခြားမိုးသီးနှံစုံ ၂၅၃၆၉ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးရာသီ၌ မိုးစပါးနှင့်အခြားမိုးသီးနှံစုံ ၄၀၂၃၀ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ထိ မိုးသီးနှံစုံ ၂၅၃၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အိမ်မဲမြို့နယ်တွင် မိုးစပါး(RS,CS)ဆင်းသုခစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရေသိုးညောင်ဝိုင်း ကျေးရွာတွင်မိုးစပါး (RS,CS)ဆင်းသုခစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယမန်နေ့နံနက် (၈)နာရီအချိန်က စိုက်ပျိုးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန် ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို လွတ်လပ်ရေးရပ်ကွက်ရှိ မူလွန်ကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆွေးနွေး

နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှု‌စေရေး၊ အသိပညာဗဟုသုတတိုးပွား‌စေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်‌ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ 'မ' တည်ငွေဖြင့် စာကြည့်တိုက်အင်္ဂါရပ်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည့် နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ရပ်ကွက်(၄)တပ်မြောက်စုဆင်စွယ်ရလမ်း "ပြည်သူ့မျက်ပွင့်" စာကြည့်တိုက်ကော်မတီများနှင့် ယမန်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to