မြန်အောင် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေက မြန်အောင်မြို့ ပြည်သူ့အားကစားကွင်း မြန်အောင်မြို့ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အားကစားကွင်းအတွင်း မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ ဘောလုံးအသင်းများ ကနေရာယူပြီး မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်အား စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုခြင်း၊ တန်းအပ်ခြင်းတို့ ဆောင်ရွက်ကြသည်။ ဆင်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ဖွင့်ပွဲနေ့တွင် မြန်အောင်မြို့နယ်ဘောလုံးအသင်းနှင့် ကြံခင်းမြို့နယ်ဘောလုံး အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)