ငပုတောမြို့၌ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဝါဆိုသင်္ကန်းဆက်ကပ် ခြင်းနှင့်ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကား

ငပုတော ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြ သူများဖြင့် စည်ကားလျက်ရှိသည်။

ငပုတောမြို့နယ်အတွင်းရှိဘုန်းတော်ကြီး ကျောင်းတိုက်အသီးသီးတွင် ဗုဒ္ဓဘာသာဝင်များ၊ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးပြည်သူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊အာဟာရဒါန ကုသိုလ်ပြုခြင်း နှင့်ဥပုသ်သီလ တောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရား နာကြားကြပြီးလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်း ပေးဝေကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)