တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အမှတ်စဉ်(၁/၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အမှတ်(၁၇)စက်မှုလယ်ယာစခန်း၌ အမှတ်စဉ်(၁/၂၀၂၅)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။