ပလောက်မြို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး Pfizer Comirnaty JN-1 (Grey Cap) ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့် အထက်ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Pfizer Comirnaty JN-1 (Grey Cap) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။