ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပေါက်ခေါင်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်စာအုပ်မှ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က စာပြုလုပ်ငန်းအကြောင်းအရာကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက မျိုးတူစုပြုခြင်း အကြောင်းအရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြားဝန်ထမ်းများမှလည်း သက်ဆိုင်ရာခေါင်းစဉ်ခွဲအသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)