ညောင်ဦးမြို့ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဆင်းပွဲအခမ်းအနားကျင်းပ

ညောင်ဦး  ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)က ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက Aureum Place Hotel  ကျန်စစ်သားခန်းမ၌ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဆင်းပွဲအခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးတွင် ဆုရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းနှင့် အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်းတို့တွင် ဆုရရှိသည့် သင်တန်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က တက်ရောက်ခဲ့သည့် သင်တန်းသား၊ ကျောင်းသူများအား သင်တန်းဆင်းအသိအမှတ်ပြု လက်မှတ်များအား ပေးအပ်ချီးမြှင့်ကာ သင်တန်းသား၊ ကျောင်းသူများကိုယ်စား သင်တန်းသား ဦးဖြိုးမောင်မောင်ဝင်းက ကျးဇူးတင်စကားပြောကြားခဲ့သည်။ ပြီးနောက် ဆုရသင်တန်း သင်တန်းသူများနှင့်တာဝန်ရှိသူများ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အဆိုပါသင်တန်း အား ဇွန် ၂၃ ရက်နေ့မှ ဇူလိုင် ၁၅ ရက်နေ့ စာတွေ့လက်တွေ့ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း