ပင်လုံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လုံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံတက္ကသိုလ်ဘက်စုံခန်းမ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ပါသည်။

ဦးစွာ ပင်လုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာခင်လေးရီက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လွိုင်လင်ခရိုင် အမှတ် (၂၇)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးတင်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လိုက်နာဖွယ်ရာများအကြောင်းကိုလည်းကောင်း၊ လွိုင်လင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ဒုရဲမှူးတင်မောင်မြင့်က လူကုန်ကူးမှုတာဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများကို အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပင်လုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး