ကန့်ဘလူ ဇူလိုင် ၁
၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးအေးအောင်က ပထမဆုရရှိသူ အ.ထ.က(ခွဲ)ညောင်အိုင်မှ မရှင်းသီရိထွန်းအားလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးနွဲ့ဝင်းက ဒုတိယဆုရရှိသူ အ.ထ.က(ခွဲ)ညောင်အိုင်မှ မနှင်းယဥ်သူကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းနိုင်က တတိယဆုရရှိသူ အ.ထ.က(၁)ကန့်ဘလူမှ မောင်တည်ခန့်အောင်အားလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက နှစ်သိမ့်ဆုရရှိသူ အ.ထ.က(၁)ကန့်ဘလူမှ မချေစုယဥ်အားလည်းကောင်း၊ ခရိုင်မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်အဖွဲ့ဝင် ဒေါ်သီရိစံက နှစ်သိမ့်ဆုရရှိသူ အ.ထ.က(၂)ကန့်ဘလူမှ မမိုးပြည့်ပြည့်ဖြိုးအားလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန္ဒာအောင်က နှစ်သိမ့်ဆုရရှိသူ အ.ထ.က(၁)ကန့်ဘလူမှ မအိမ့်ကြည်ဖြူမောင်တို့အားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)