တမူး ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့မှသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့၊ အလယ်တန်းအဆင့်တွင် အာဇာနည်နေ့နှင့် လူငယ်တို့၏တာဝန်၊ မူလတန်းအဆင့်တွင် အလေးအမြတ်ဂုဏ်ပြုအပ် အာဇာနည်နေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းအဆင့် ကဗျာပြိင်ပွဲတွင် အာဇာနည်ဟုခေါ်သည် အလယ်တန်းအဆင့်တွင် မြင့်မြတ်တည်ကြည် အာဇာနည်၊ မူလတန်းအဆင့်တွင် (၁၉)ဇူလိုင် မမေ့နိုင် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အခြေခံပညာ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ပန်းချီ ပြိုင်ပွဲများတွင် အလေးအမြတ်ဂုဏ်ပြုအပ် အာဇာနည်နေ့မြတ်ခေါင်းစဉ်များဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၂၂၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရတနာ(ပြန်/ဆက်)