ဇလွန် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လမ်းမတော်မြောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ယင်းသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန် ဆင်းသုခဆန် တစ်ပြည်လျှင် (၂၀၀၀ )ကျပ်နှုန်း၊ ဆီငါးဆယ်ကျပ်သား တစ်ဘူးလျှင် ( ၃၄၀၀) ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် ( ၃၃၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ယင်းသို့ရောင်းချပေးနေမှုအား မြို့နယ် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝေယံ( ပြန်/ဆက်)