မုံရွာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဇူလိုင် ၁

မုံရွာခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က အမှာစကားပြောကြားသည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး ခေါင်းစဥ်ဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးကလည်း‌ကောင်း၊ နိုင်ငံအတွက်အင်အား ဂုဏ်ယူဝံ့ကြွား မြန်မာအမျိုးသမီးများ ခေါင်းစဥ်ဖြင့် အ.ထ.က(၇)မှ အထက်တန်းပြ ဆရာမ ‌ဒေါ်သင်းသင်းလှိုင်ကလည်းကောင်း၊ အမျိုးသမီးများဂဏ်ရည် ခေါင်းစဥ်ဖြင့် အ.ထ.က(၂) မှ ဒုတိယအလယ်တန်းပြ ဒေါ်ဇင်ရွေးစုတို့ကလည်းကောင်း ‌ အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် မုံရွာခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အခမ်းအနားသို့ တက်ရောက်လာကြသူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး ဇေယျာရွှေမြေ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(၂)ကျော်းအုပ်ဆရာမကြီး၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)