ဘိုကလေးမြို့နယ်တွင် အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ဇွန် (၃၀)ရက်နေ့ နေ့လယ်ပိုင်းက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲကျင်းပသည်။

ပညာပေးရှင်းလင်းရာသို့ မြို့နယ်တွင်းမှ လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများ တက်ရောက်ကြပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲမင်းဇော်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ အခွန်ထမ်းပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအပါအဝင် အခွန်ဆိုင်ရာကိစ္စရပ်များအား ပြည့်စုံစွာ ရှင်းလင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အခွန်ထမ်းပြည်သူများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)