အုတ်တွင်းမြို့နယ်၌ ရေဘေး၊ လေဘေး၊ ငလျင်ဘေးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ရေဘေး၊ လေဘေး၊ ငလျင်ဘေးအကြောင်း အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ ဒေသဆိတ်များ ခြံလှောင်စနစ်ဖြင့် စတင်မွေးမြူ

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် ဆိတ်မွေးမြူရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးရွာများအတွင်း အရင်းမပျောက်မတည်လည်ပတ်နိုင်စေရန်၊ ကျေးလက်ဒေသများအတွင်း အသားကဏ္ဍဖူလုံစေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ၏အစီအစဉ်ဖြင့် ဒေသဆိတ်များ ခြံလှောင်စနစ် စတင်မွေးမြူထားရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၁၇) ရက်နေ့ နံနက်ပိုင်းက ကလော့ကျေးရွာ(အ-လ-က-ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ်၌ ယခုနှစ် မိုးစိုက်ဝါသီးနှံ ၁၁၄၀ ဧကထိ စိုက်ပျိုးပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစိုက်ဝါသီးနှံ ၄၈၆၉ ဧကလျာထားစိုက်ပျိုးပြီး ယနေ့ထိ ၁၁၄၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ နမ္မတီးဒေသအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများနေ ပြည်သူများနေထိုင်စားသောက်မှု အဆင်ပြေစေရေး တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများနေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၃၀ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပြည်မြို့နယ်၌ (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ကြိုဆိုဂုဏ်ပြု မိုးနှောင်းဝါသီးနှံများ စတင်စိုက်ပျိုး

၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သမဝါယမအသင်းစုပိုင်‌ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်မြို့နယ် ဝန်တင်ဆိပ်ကျေးရွာ သမဝါယမစိုက်ခင်း၌ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက မိုးနှောင်းဝါသီးနှံ Raka-666(BT) မျိုးများ စတင်စိုက်ပျိုးဆောင်ရွက်သည်။

မုဒုံမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ (၁၆) နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်နေ့က မြို့နယ်မီတာ (၂၀၀) ဘောလုံးကွင်း၌ ကျင်းပသည်။

တောင်ငူမြို့၌ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဥ် ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပညာရေးမှူးရုံးမှ ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဥ် ကျောင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁၇) ရပ်ကွက်၊ မူလွန်တောင်ကွေ့စျေးကျောင်း ၌ ကျင်းပသည်။

ဝေါမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်သစ်​တောဦးစီးဌာနက ဝေါမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယမန်နေ့ နံနက်(၈)နာရီက တမာတကေကျေးရွာအုပ်စု၊ တမာတကေကျေးရွာရှိ ပဲခူး-စစ်တောင်းတူးမြောင်းဘေး၌ ကျင်းပကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်ပြဘုတ် ပြသဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဘေး နံရံကပ်ပြဘုတ်တွင် ယနေ့မှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
Subscribe to