ဝေါ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်သစ်တောဦးစီးဌာနက ဝေါမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်(၈)နာရီက တမာတကေကျေးရွာအုပ်စု၊ တမာတကေကျေးရွာရှိ ပဲခူး-စစ်တောင်းတူးမြောင်းဘေး၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းနှင့် ဝန်ထမ်းများက ပျိုးပင်များကို ဖြန့်ဝေပေးသည်။
ထို့နောက် တက်ရောက်လာသူများက အရိပ်ရလေကာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် သစ်တောသစ်ပင်များအပါအဝင် အရိပ်ရပြီး အပွင့်ပွင့်သည့် သစ်မျိုးများဖြစ်သော ပိတောက်၊ ပျဥ်းမ၊ သပြေကြီး၊ မယ်ဇလီ၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ငုရွှေဝါ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ စသည့် ပျိုးပင်ပေါင်း (၅၁၉)ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)