ချောက်မြို့နယ်၌ မိုးမြေပဲ ဧက ၅၂၇၈၉ ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သီးနှံစိုက်စွမ်းအားများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဇွန်လထိ မိုးမြေပဲ (၅၂၇၈၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။