မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာ၌(VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

မိုးနဲ ဇူလိုင် 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စီမံကိန်းလုပ်ငန်းစဉ်များအကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံက စီမံကိန်းလက်စွဲစာစောင်ပါ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ကော်မတီဝင်များ၏လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားကာတက်ရောက်လာကြသော ကျေးရွာနေပြည်သူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် (၉) ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေး ခဲ့ကြသည်။

မယ်ဇလီမြိုင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို နိုင်ငံတော်ပံ့ပိုးငွေကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေများအသုံးပြုကာ ကျေးရွာမှရွေးချယ်သည့် ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကအနီးကပ်ကြီးကြပ်၍ ကျေးရွာ‌နေပြည်သူများကိုယ်တိုင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)