ပုသိမ်ကြီး ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေး ကြေညာချက်များအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အဆိုပါကြေညာချက်များ ချိတ်ဆွဲထားခြင်းများကို ယမန်နေ့မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ ဆိုင်များတွင် “နိုင်ငံကြီးသား ပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းများအား ပြည်သူများ အကျယ်တဝင့် သိရှိစေနိုင်ရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)