မိုင်းပျဉ်း ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီက ဆောင်ရွက်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ထူးချွန်ထက်မြက်သော မြန်မာအမျိုးသမီးများအကြောင်း၊ မိန်းမမြတ်၊ မိန်းမကောင်းတို့၏ အရည်အချင်း(၁၂)ရပ်အကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဟောပြောပွဲတက်ရောက်လာကြသော ဆရာမများနှင့်ကျောင်းသူများကို အသိပညာပေးနံရံကပ် စာစောင်များနှင့်စာအုပ်ပြပွဲပြသပေးခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်ဆက်)