သဲကုန်းမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်မြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြည်သူများ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈နာရီက သဲကုန်းမြို့နယ်၊ ပုတီးကုန်းတိုက်နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါ ဝေဒနာခံစားနေရသော ပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။