စလင်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း သက်ကြီးပင်စင်စားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်း၊ သက်ကြီးပင်စင်စားများ၏ ပင်စင်လစာငွေများကို၊ စက်တင်ဘာလ(၂၂)ရက်၊ နံနက်(၇)နာရီအချိန်မှစတင်ကာ   မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သန့်ရှင်းသာယာရေး ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး၊ ပြည်နယ်လက်ရွေးစင် အားကစားသမားများကို ဂုဏ်ပြုအားပေး

ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့အား Green City၊ Clean City၊ Smart City ဖြစ်စေရေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်လက်ရွေးစင်အားကစားသမားများ စခန်းသွင်းလေ့ကျင့်မှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ကလောခရိုင် ပြည်သူ့ဆေးရုံကြီး သက်ကြီးဘိုးဘွားများအား လစဥ် ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် ပြည်သူ့‌ဆေးရုံကြီး၌ သက်ကြီးဘိုးဘွားများအား လစဉ်ဒုတိယပတ်နှင့် စတုတ္ထပတ် သောကြာနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီခွဲက ကလောခရိုင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေဖြင့်ဆောက်လုပ်သည့် အလင်းရောင် စာကြည့်တိုက်ဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေကျပ်သိန်း (၂၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၄၆၈၄၀၀ဝိ/-) တစ်ရာလေးဆယ်ခြောက်သိန်းရှစ်သောင်းလေးထောင်ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည့် ဘားအံမြို့နယ်၊ နောင်ကုန်း (ဝဲကရင်) ကျေးရွာအုပ်စု၊ အလင်းရောင်စာကြည့်တိုက်ဖွင့်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦရှေ့၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ တက်ရောက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာရပ်ကွက်ရှိ လေးထောင့်ကန်လမ်းတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "ခွေးရူးပြန်ရောဂါ" အကြောင်း အသိပညာပေး Talk Show ပြုလုပ်

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "ခွေးရူးပြန်ရောဂါ" အကြောင်း အသိပညာပေး Talk Show ပြုလုပ် လမ်းမတော် စက်တင်ဘာ ၂၇ မြို့နယ်(ပြန်/ဆက်)

မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြန်အောင်မြို့ သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး၊ စုပေါင်းသန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်က မြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင် ကြည့်ရှုအားပေး၍ မြို့သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာပေစကားဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းက ကြီးမှူး၍ “သံလွင်ချယ်ရီ စာပန်းချီ” စကားဝိုင်းကို ကဗျာကဏ္ဍ ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to