မအူပင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း သင်တန်းအမှတ်စဉ် ၁/၂ဝ၂၅ ဖွင့်ပွဲကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။