ချောက်မြို့၌ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၁ ပေခန့်သာလို

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားရပ်ကွက်ရှိ လူနေအိမ်များတွင်မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချောက်မြို့၏ ဧရာဝတီမြစ် ရေမှတ်သည်စိုးရိမ်ရေမှတ် ၁၄၅၀ စင်တီမီတာ (၄၇ ဒသမ၅၄‌ ပေ)သို့ ရောက်ရှိရန် ၃၀ စင်တီမီတာ(၁ပေ)ခန့်လိုကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်သာသနာဗိမာန်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ (ခမရ-ခမရ၅၂၄) အခြေခံပညာမူလတန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

မိုင်းရယ်မြို့ အခြေခံမူလတန်းလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးကြိုပဲတီစိမ်း ၃၁၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၁၉ ဒသမ ၁၂ တင်းထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးကြိုကာလ၌ စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်း ၃၁၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၉ ဒသမ ၁၂ တင်း ထွက်ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်ဇေယျာရေးသားသည့် “မြန်မာလူကျော် ၁၀၀”စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၅) ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) ဖွင့်ပွဲ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၆၉) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။
Subscribe to