ကန့်ဘလူမြို့၌ နွေစပါး ၉၂၁၅ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ် တစ်ဧကလျှင် ၈၃ ဒသမ ၈၄ တင်းခန့်ထွက်ရှိ

ကန့်ဘလူ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် နွေစပါး ၂၂၆၅၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါစပါးစိုက်ခင်းများကို ယခုနှစ်မေလကုန်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့အထိ ၉၂၁၅ ဧကရိတ်သိမ်းပြီးဖြစ်ကာ တစ်ဧကလျှင် ၈၃ ဒသမ ၈၄ တင်း ခန့်ထွက်ရှိကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်တော်တို့မြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက နွေစပါး ၂၂၆၅၄ ဧကစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ယခုအခါ ၉၂၁၅ ဧကရိတ်သိမ်းပြီးဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးသူတောင်သူတွေကို သီးနှံအ ထွက်နှုန်း လျော့နည်းမှုမရှိစေရေးအတွက် အချိန်မီရိတ်သိမ်းနည်းစနစ်များ၊ ရိတ်သိမ်းပြီးစပါးများကို အမိုးအကာအောက် အချိန်မီရောက်ရှိစေရေးနဲ့ မျိုးကောင်းမျိုးသန့်ထိန်းသိမ်းနည်းစနစ်များကိုလည်း အသိပညာပေး ဆောင်ရွက်ထားပါတယ်။ ဒေသခံတောင်သူတွေ စပါးရိတ်သိမ်းခြင်းကို အချိန်မီရိတ်သိမ်းနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ် ” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်ကပြောသည်။

စပါးကိုအထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် တောင်သူများဝင်ငွေတိုးကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သောကြောင့် စပါးကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံ၌ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်မက်ထရစ်တန် သုံးသန်းခန့် တင်ပို့နိုင်ရန်လျာထားပြီး မက်ထရစ်တန် ခြောက်သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)