ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖျာပုံအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်မိုးမိုးခိုင်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ဖျာပုံအကျဥ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဥ်းထောင် တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဘားအံတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းဖွင့်

ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ကြီးမှူးဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှါးရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။

ဒိုက်ဦးမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်း(၁၁)နာရီက မြသီတာ ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း သုံးခွမြို့၌ ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား Biometric (UID) ကဒ် ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၆၁ လမ်း ၁၁၇ လမ်းထောင့်ရှိ ဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား Biometric (UID) ကဒ် ပြုလုပ်ပေးခဲ့သည်။

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူကြိုကလေးငယ်များနှင့် ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ Bright Pre School မူကြိုကျောင်းမှ ကလေးငယ်များအား ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငယ်ရွယ်စဉ်ကပင် စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများကို မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက် ညောင်ဦး ဇူလိုင် ၁၄ ဒီပါလင်း
Subscribe to